ဒီဇင်ဘာ ၁၂

 

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း စီဘူပြည်နယ်တွင် ယမန်နေ့ကဗြောက်အိုးစက်ရုံနှင့် အနီးနားရှိနေအိမ်များ မီးလောင်မှုဖြစ်ပွားခဲ့ရာ လေးဦးသေဆုံးပြီး အခြားခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာအာဏာပိုင်များက ပြောကြားသည်။

 

အဆိုပါမီးလောင်ကျွမ်းမှုသည် အချိန်တစ်နာရီကြာမြင့်ခဲ့ပြီး လာပူ-လာပူမြို့ရှိ ကျေးရွာတစ်ရွာကို လျင်မြန်စွာပျံ့နှံ့သွားသည်။

 

ထိုစက်ရုံမီးလောင်မှုဖြစ်ပွားပြီးမီးခိုးလုံးများဖြင့်ဖုံးလွှမ်းနေချိန်တွင် မီးရှူးမီးပန်းများပေါက်ကွဲနေပုံကို လူမှုမီဒီယာတွင် ဖော်ပြထားသည်။

 

စက်ရုံမီးလောင်မှုကြောင့် ထိခိုက်သေဆုံးသူများသည် စက်ရုံအလုပ်သမားများဖြစ်ဖွယ်ရှိပြီး ၎င်းတို့သည်မီးလောင်မှုအတွင်း ပိတ်မိကာ အသက်ရှုကျပ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို