ဖိလစ်ပိုင်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲတစ်ခုဖြစ်သည့်  BA.2.12.1 ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိ

မနီလာ   မေ   ၁၈

ဖိလစ်ပိုင်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲတစ်ခုဖြစ်သည့် BA.2.12.1 ဗီဇပြောင်းဗိုင်းရပ်စ်   ကူးစက်ပျံ့နှံ့မှုများ အား မေ ၁၇ ရက်က စတင်တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။ 

၎င်းဗီဇပြောင်းဗိုင်းရပ်စ်  ကူးစက်မှု များကို မနီလာမြို့ပြဒေသ၊ နိုင်ငံအလယ် ပိုင်း ဗီဆာရာဒေသနှင့် ပလာဝမ်ပြည်နယ် ပေါတိုပရီဆီဆာမြို့တို့၌  တွေ့ရှိရကြောင်း     ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့်  မာရီယာရိုဆာရီယို ဘာဂျီရီက ပြောကြားသည်။ 

ယခုတွေ့ရှိရသည့်     BA.2.12.1 ဗီဇပြောင်းဗိုင်းရပ်စ်သည်    မျိုးပွားမှုနှုန်း မြင့်မားသော်လည်း ရောဂါခံစားရမှုမပြင်း ထန်ကြောင်း သိရသည်။ နိုင်ငံအတွင်း လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၃၆၈၈၂၉၂ဦးရှိပြီး အဆိုပါရောဂါ ကြောင့် သေဆုံးသူ ၆၀၄၅၈ ဦးရှိကြောင်း သိရသည်။                 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ