မေ ၂၇
ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း Ewiniar တိုက်ခတ်မှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လေးဦးဒဏ်ရာရရှိပြီး ၂၇၃၄ ဦး ထိခိုက်ခဲ့ကြောင်း အစိုးရအဖွဲ့က ယမန်နေ့ကပြောကြားသည်။
မြို့တော်မနီလာ၏ အရှေ့တောင်ဘက် ဘီကိုလ်ဒေသမှ လေးဦးထိခိုက်ဒဏ်ရာရရှိကြောင်း သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက ပြောကြားသည်။ လက်ရှိအချိန်အထိ သေဆုံးသူမရှိသေးကြောင်း ထပ်လောင်း ဖော်ပြထားသည်။ ရာသီဉတုဆိုးရွားမှုအခြေအနေများကြောင့် ယမန်နေ့မနက်ပိုင်းက နိုင်ငံတစ်ဝန်းရှိဆိပ်ကမ်းအားလုံးတွင် ခရီးသည် ၆၀၀၀ ကျော်၊ ထရပ်ကားယာဉ်မောင်းများနှင့် ယာဉ်အကူများသောင်တင်နေခဲ့သည်ဟု ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုသည်။
Ewiniar မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်းတိုက်ခတ်သော ပထမဆုံးမုန်တိုင်းဖြစ်သည်။ ယင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နိုင်ငံအလယ်ပိုင်း Visayas ဒေသအရှေ့ပိုင်းနှင့် လူဇွန်ကျွန်းပေါ်ရှိ ဘီကိုလ်ဒေသထိခိုက်ခဲ့သည်။ ရာသီဉတုဌာနကမနီလာအပါအဝင် ဒေသအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားဖွယ်ရှိပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများထပ်မံဖြစ်ပွားနိုင်သည်ဟု သတိပေးပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို