ဖေဖော်ဝါရီ ၁၄

ဖိလစ်ပိုင်နိုင်ငံ ဘူလာကန်ပြည်နယ်ရှိ ရိုမန်ကက်သလစ်ဘုရားကျောင်း၏ဒုတိယထပ်ကြမ်းခင်း ယနေ့တွင် ပြိုကျမှုဖြစ်ပွားသဖြင့် ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘေးအန္တရာယ်တုံ့ပြန်ရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါမတော်တဆမှုသည် ခရစ်ယာန်ဘုရားကျောင်းသို့ယနေ့မနက်ပိုင်းက ခရစ်ယာန်ဘာသာဝင်များ ဆုတောင်းဝတ်ပြုရန်ရောက်ရှိနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု San Jose del Monte City မြို့ ဘေးအန္တရာဉ်လျှော့ချရေးစီမံခန့်ခွဲရေးရုံး၏အကြီးအကဲက ပြောကြားသည်။ ထိုမတော်တဆဖြစ်ပွားမှုမှ သေဆုံးသူမရှိကြောင်းနှင့် ၃၄ ဦး ပခုံးနာကျင်ကာ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု ၎င်းကဆိုသည်။ ပြိုကျကြမ်းခင်းသည် သစ်သားဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို