မနီလာ  မတ်  ၂၉

ဖိလစ်ပိုင်နိုင်ငံ၌  စက်သုံးဆီပြတ်တောက်မှုကြောင့် ယာယီပိတ်ထားခဲ့ရသော  နိုင်ငံတစ်ဝန်းရှိ  စက်သုံးဆီ အရောင်းဆိုင်အချို့ ယခုအချိန်တွင် လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ပြီဖြစ်ကြောင်း ဖိလစ်ပိုင်အမျိုးသား ရဲတပ်ဖွဲ့ (PNP) က ပြောကြားသည်။

စက်သုံးဆီဆိုင်  ပိတ်သိမ်းရမှုအများဆုံးမှာ ရေနံထုတ်ကုန်များ  ထောက်ပံ့မှုအကန့်အသတ်ရှိခြင်းကြောင့်ဖြစ်ပြီး လုပ်ငန်းပြန်လည်လည်ပတ်နိုင်သည့်ဆိုင်များမှာ  စက်သုံးဆီများ ပြန်လည်ဖြည့်တင်းဆောင်ရွက်ပြီးနောက်  ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခဖြစ်ပွားမှုများကြောင့် ဖိလစ်ပိုင်နိုင်ငံသည် မတ် ၂၄ ရက်နောက်ပိုင်းတွင် နိုင်ငံ့စွမ်းအင် အရေးပေါ်အခြေအနေအဖြစ် ကြေညာထားခဲ့သည်။                                                                                

ဆင်ဟွာ