မနီလာ  မတ်  ၂၃

ဖိလစ်ပိုင်နိုင်ငံတစ်ဝန်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်မှုကြောင့် ဆီဆိုင် ၄၀၀ ကျော်  လုပ်ငန်းရပ်တန့်ခဲ့ကြောင်း  ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့  (PNP)  က  မတ်  ၂၃  ရက်တွင်  ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံအတွင်း  ပိတ်ထားသည့်  ဆီဆိုင်အရေအတွက်မှာ မတ် ၁၈ ရက်က  ၂၇၃  ဆိုင်ရှိရာမှ   ယခုအခါ   ၄၀၃    ဆိုင်အထိ   တိုးလာကြောင်း  ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ   Randulf  Tuano   က  သတင်းစာရှင်းလင်းပွဲတွင်  ပြောကြားသည်။

PNP က နိုင်ငံတစ်ဝန်း ဓာတ်ဆီဆိုင်စုစုပေါင်း ၁၄၃၁၃ ဆိုင်ကို စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး နိုင်ငံ၏လက်ရှိ  စက်သုံးဆီတင်သွင်းမှုမှာ ဧပြီလလယ်အထိ ကြာမြင့်မည်ဟု  ခန့်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။

PNP သည်  နိုင်ငံ၏   ဒေသအများအပြား၌  တရားမဝင် စက်သုံးဆီရောင်းချခြင်း၊ သိုလှောင်ခြင်းနှင့် အမြတ်ထုတ်ခြင်းတို့နှင့် ဆက်စပ်သည့်ကိစ္စများကို မှတ်တမ်းတင်ထားပြီးဖြစ်ကြောင်း ပြောသည်။

ဆင်ဟွာ

ဓာတ်ပုံ-The Filipino Times