မနီလာ   ဒီဇင်ဘာ   ၁

ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ် ဇန်နဝါရီလကတည်းက ဖိလစ်ပိုင်နိုင်ငံတွင် အနည်းဆုံးလူ ၆၇ ဦး ကာလဝမ်းရောဂါဖြင့် သေဆုံးခဲ့ပြီး နိုင်ငံအတွင်း ကာလဝမ်းရောဂါဖြစ်ပွားမှုသည် ယမန်နှစ်ကထက် ပိုမိုမြင့်တက်လာသည်ဟု ဖိလစ်ပိုင်အစိုးရက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

 

ဖိလစ်ပိုင်    ကျန်းမာရေးဌာနက ယခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာ ၂၆ ရက်အထိ ကာလဝမ်းရောဂါဖြစ်ပွားသူ  ၅၈၆၀ ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ 

 

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း ဗီဆာရပ်စ် ဒေသတွင်ကာလဝမ်းရောဂါ ဖြစ်ပွားသူ ၃၆၀၀ ကျော်ရှိပြီးနောက်  ရောဂါကူးစက် သူအများဆုံးရှိခဲ့ကြောင်း မှတ်တမ်းတင် နိုင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒေးဗို ဒေသတွင် ကာလဝမ်းရောဂါ ဖြစ်ပွားသူ ၈၀၀ ကျော်နှင့် မနီလာနိုင်ငံမြောက်ပိုင်း ဗဟိုလူဇုန်ဒေသတွင်  ကာလဝမ်းရောဂါ ဖြစ်ပွားသူ ၃၀၀ ကျော် အသီးသီးရှိကြောင်း သိရသည်။

 

ကျန်းမာရေးဌာနသည် ၎င်း၏စောင့်ကြည့်ရေးနှင့် တုံ့ပြန်မှုစနစ်ကို အားကောင်းစေရန် ဆောင်ရွက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ မာရီယာရိုဆာရီယိုဗီဂျီရီက ပြောကြားခဲ့သည်။

 

မိမိတို့နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် သဘာဝဘေးအန္တရာယ်များ၏ အကျိုးသက်ရောက်မှုမှ  ကာကွယ်ရန် ကျန်းမာရေးဌာနက လုပ်ဆောင်ခဲ့သည်ဟု ဗီဂျီရီက ထပ်လောင်းပြောကြားခဲ့သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ