ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံမှုကြောင့် ၃၈ ဦး ထပ်မံသေဆုံး

စက်တင်ဘာ ၂၃

 

ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၃၈ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၆၂၆၉၅ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဦးစီးဌာန( ဒီအိုအိတ်ချ် )၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၀၂ ဦး ထပ်မံတွေ့ရှိခဲ့ရာ ရောဂါကူးစက်ခံရသူပေါင်း ၃၉၂၉၈၁၉ ဦး ရှိလာသည်ဟု သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၈၀၃၀ ရှိကြောင်း ဒီအိုအိတ်ချ်က ပြောကြားသည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် ဇန်နဝါရီ ၁၅ ရက်က ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၉၀၀၄ ဦးရှိရာ ရောဂါကူးစက်မှု အမြင့်မားဆုံးနေ့တစ်နေ့ ဖြစ်ခဲ့သည်။

 

နိုင်ငံ့လူဦးရေ သန်း ၁၁၀ နီးပါးရှိသည့်အနက် ၇၂ ဒသမ ၉ သန်းသည် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးဖြစ်သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို