အောက်တိုဘာ ၂၆
ဖိလစ်ပိုင်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၃၂ ဦး ထပ်မံသေဆုံးခဲ့ပြီး နိုင်ငံအတွင်း ထိုရောဂါဖြင့် သေဆုံးသူပေါင်း ၆၃၈၄၆ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဦးစီးဌာနက ပြောကြားသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၄၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ထိုရောဂါကူးစက်ခံရသူပေါင်း ၃၉၉၆၈၁၈ ဦး ရှိလာသည်ဟု အတည်ပြုသတင်းဖော်ပြထားသည်။
မြို့တော်မနီလာတွင် လူဦးရေ ၁၃ သန်းကျော်ရှိပြီး ထိုရောဂါကူးစက်ခံရသူ ၂၄၈ ဦးထပ်မံတွေ့ရှိခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် ဇန်နဝါရီ ၁၅ ရက်က ထိုရောဂါကူးစက်ခံရသူ ၃၉၀၀၄ ဦး ထပ်မံတွေ့ရှိခဲ့ရာ ရောဂါကူးစက်မှုအမြင့်မားဆုံးနေ့တစ်နေ့အဖြစ် ကူးစက်မှုစံချိန်တင်ခဲ့သည်။
နိုင်ငံ့လူဦးရေ သန်း ၁၁၀ နီးပါးရှိပြီး ထိုရောဂါကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၇၃ ဒသမ ၄ သန်းကျော်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို