စက်တင်ဘာ ၂၀
ဖိလစ်ပိုင်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၃၈ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၆၂၅၈၇ ဦးရှိလာကြောင်း ကျန်းမာရေးဦးစီးဌာနက ( ဒီအိုအိတ်ချ် )က ပြောကြားသည်။
နိုင်ငံတစ်ဝန်း ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၁၁၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၃၉၂၃၇၂၇ ဦး ရှိလာသည်ဟု ထိုဌာနက အတည်ပြုထုတ်ပြန်ထားသည်။
နိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၇၆၈၆ ဦးရှိကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ဇန်နဝါရီ ၁၅ ရက်က ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၉၀၀၄ ဦးရှိရာ ယင်းနေ့သည် ကိုဗစ်ရောဂါကူးစက်မှုအရေအတွက် အမြင့်မားဆုံးနေ့ဖြစ်ခဲ့သည်။
နိုင်ငံ့လူဦးရေ သန်း ၁၁၀ နီးပါးရှိပြီး ကိုဗစ်ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူပေါင်း ၇၂ ဒသမ ၈ သန်းကျော်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို