ဩဂုတ် ၁၇

 

ဖိလစ်ပိုင်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၆၃၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၃၈၃၈၀၆၂ ဦး အထိ ရှိလာကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၃၆၁၉၀ ရှိသည်ဟု သိရသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၄၉ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၆၁၁၂၇ ဦးရှိလာကြောင်း ကျန်းမာရေးဦးစီးဌာနက ပြောကြားသည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် ဇန်နဝါရီ ၁၅ ရက်က ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၉၀၀၄ ဦးရှိရာ  ရောဂါကူးစက်မှု အမြင့်မားဆုံးနေ့တစ်နေ့ဖြစ်သည်ဟု ဖော်ပြထားသည်။

 

နိုင်ငံအတွင်း လူဦးရေ သန်း ၁၁၀ နီးပါးရှိရာ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ ၇၁ ဒသမ ၅ သန်းကျော်ရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို