ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၆၁၅ ဦး ထပ်မံတွေ့ရှိ

မနီလာ အောက်တိုဘာ ၁၃

 

ဖိလစ်ပိုင်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၆၁၅ ဦးကို ထပ်မံတွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၆၈၃၃၇၂ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ၂၃၆ ဦးထပ်မံသေဆုံးသဖြင့် နိုင်ငံအတွင်း သေဆုံးသူပေါင်း ၃၉၈၉၆ ဦး ရှိလာသည်။ မနီလာမြို့ပြဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ကျဆင်းလာသဖြင့် အသွားအလာကန့်သတ်မှုများကို ဖြေလျှော့ရန် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။

 

ယခင်က မနီလာမြို့ပြဒေသရှိ လူအစုလိုက်အပြုံလိုက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုရှိခဲ့သောနေရာများ၌ အသွားအလာ ကန့်သတ်မှုများ ချမှတ်ခဲ့ရသည်။

ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- စိုးသူရ