ဖေဖော်ဝါရီ ၂၁

ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၆၆၀၃၀ ရှိလာကြောင်း ကျန်းမာရေးဦးစီးဌာန ( ဒီအိုအိတ်ချ် )က သတင်းထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပထမဆုံးကူးစက်ခံရသူတစ်ဦးကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၀ က တွေ့ရှိခဲ့ကြောင်း ဒီအိုအိတ်ချ်က ဖော်ပြထားသည်။

၂၀၂၀ ခုနှစ် မတ်လက နိုင်ငံအတွင်းကိုဗစ်ရောဂါပြည်တွင်းကူးစက်မှုပထမဆုံးတွေ့ရှိခဲ့ပြီး ယင်းရောဂါဖြင့်သေဆုံးမှု ပထမဆုံး ဖြစ်ပွားခဲ့သည်ဟု ထိုအေဂျင်စီကဆိုသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က  ထိုရောဂါကူးစက်ခံရသူ ၃၉၀၀၄ ဦး တွေ့ရှိခဲ့သဖြင့် နိုင်ငံအတွင်း ကူးစက်မှု အမြင့်မားဆုံးနေ့တစ်နေ့ဖြစ်ခဲ့ရကြောင်းနှင့် ယမန်နေ့ကအထိ ယင်းရောဂါကူးစက်ခံရသူပေါင်း ၄၀၇၅၅၄၅ ဦးအထိ ရှိလာကြောင်း ဖော်ပြထားသည်။

နိုင်ငံ့လူဦးရေ သန်း ၁၁၀ ရှိသည့်အနက် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ ၇၄ သန်းနီးပါးရှိပြီး အပိုဆောင်းကာကွယ်ဆေးထိုးနှံပြီးသူ ၂၁ ဒသမ ၅ သန်းရှိသည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို