ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၉၉ ဦး ထပ်မံတွေ့ရှိ

 

မနီလာ အောက်တိုဘာ ၃၁

 

ဖိလစ်ပိုင်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၉၉ ဦး ထပ်မံတွေ့ရှိရသည့်အတွက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၀၀၄၄၆၅  ဦး  ရှိလာကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် ရောဂါပိုးတွေ့ရှိဆဲလူနာ ၂၀၂၂၇ ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ၄၁ ဦး ထပ်မံသေဆုံးခဲ့ သည့်အတွက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၆၄၀၇၄ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားသည်။ လူဦးရေ ၁၃ သန်း ကျော်နေထိုင်သည့်  မက်ထရိုမနီလာဒေသတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်သူ ၂၈၁ ဦးရှိသည်။ နိုင်ငံအတွင်း ဇန်နဝါရီ ၁၅ ရက်တွင် တစ်ရက်အတွင်း  ရောဂါထပ်မံကူးစက်ခံရသူ  ၃၉၀၀၄ ဦးဖြင့် အမြင့်ဆုံး ရောဂါကူးစက်ခံရသူ ဦးရေစံချိန်တင်ခဲ့သည်။ လူဦး‌ရေ သန်း ၁၁၀ ခန့်ရှိသည့် ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၇၃ ဒသမ ၅ သန်းရှိသည်။  

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ