မနီလာ နိုဝင်ဘာ ၆
ဖိလစ်ပိုင်နိုင်ငံ၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၇၆ ဦးထပ်မံတွေ့ရှိသဖြင့် နိုင်ငံ အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၇၉၇၉၈၆ ဦးရှိလာကြောင်းကျန်းမာရေးဝန်ကြီးဌာန က ပြောကြားသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ၂၆၀ မှာ ထပ်မံ သေဆုံးသဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ပေါင်း ၄၄၀၈၅ ဦးရှိလာသည်။
နိုဝင်ဘာ ၅ ရက်တွင် မနီလာမြို့ပြဒေသ၌ အသွားအလာ ကန့်သတ်မှုများ ဖြေလျှော့ခဲ့ပြီး စီးပွားရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့် ပြုခဲ့သည်။
လက်ရှိအချိန်တွင် မနီလာမြို့ပြဒေသ၌ အသွားအလာကန့်သတ်မှုများ ဖြေလျှော့ခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လုံးဝကင်းစင်ခြင်း မရှိသေးကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မာရီယာ ရိုဆာရီယိုဗာဂျီရီက ပြောကြားသည်။ လက်ရှိအချိန်တွင် လက်ထပ်ပွဲများနှင့် မိသားစုတွေ့ဆုံပွဲများကို ကျင်းပခွင့် ပြုထားပြီး ဒေသခံများ အပန်းဖြေနေရာများသို့ သွားရောက် အပန်းဖြေခွင့် ပြုထားကြောင်း သိရသည်။
သို့ရာတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့ကျရေးမှာ နိုင်ငံသားများ၏ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများ လိုက်နာမှုအပေါ်တွင် မူတည်နေသဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ကြရန် နိုင်ငံသားများအား မာရီယာရိုဆာရီယိုဗာဂျီရီ က ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ