မတ် ၄

 

ဖိလစ်ပိုင်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၅၃ ဦးထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ဖြစ်ပွားသူပေါင်း ၃၆၆၅၇၄၇ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးဌာနက အတည်ပြုထုတ်ပြန်ခဲ့သည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၂၃၂ ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၅၆၇၇၀ ရှိသည်ဟု ထိုဌာနကဆိုသည်။

 

ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်ခံရသူဦးရေ ၁၀၀၀ အောက်လျော့နည်းလာသည်မှာ သုံးရက်ဆက်တိုက်ရှိပြီဟု သိရသည်။

 

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်က ကိုဗစ်ကူးစက်ခံရသူ ၃၉၀၀၄ ဦးရှိရာ ကူးစက်ဖြစ်ပွားမှုအများဆုံးနေ့ဖြစ်ခဲ့သည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေ သန်း၁၁၀ နီးပါးရှိသည့်အနက်  ၂၆ သန်းကျော်ကို ကိုဗစ်-၁၉ ရောဂါစမ်းသပ်စစ်ဆေးမှုပြုလုပ်ပြီးဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို