ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် လူ ၄၀ ထပ်မံသေဆုံး

 

မနီလာ အောက်တိုဘာ ၁၃

 

ဖိလစ်ပိုင်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် လူ ၄၀ ထပ်မံ သေဆုံးခဲ့သည့်အတွက်   အဆိုပါရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၆၃၄၀၃ ဦး ရှိကြောင်း ဖိလစ်ပိုင် နိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

 

အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ရောဂါ ကူးစက်ခံရသူ ၂၈၈၃ ဦး ထပ်မံတွေ့ရှိခဲ့ရာ ရောဂါကူးစက်ခံရသူပေါင်း ၃၉၇၅၈၈၄ ဦးရှိကြောင်း သိရသည်။ လက်ရှိတွင် ပိုးတွေ့ဆဲလူနာ ၂၅၂၉၃ ဦး ရှိသည်။

 

ရောဂါထပ်မံကူးစက်ခံရသူများအနက် ၁၁၈၈ ဦးသည် မြို့တော်မနီလာမှ တွေ့ရှိရခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ မြို့တော်မနီလာ၌ ရောဂါကူးစက် ခံရသူပေါင်း ၁၂၇၉၀၄၁ ဦးရှိကြောင်း သိရသည်။

 

ဖိလစ်ပိုင်နိုင်ငံ၌ ဇန်နဝါရီ ၁၅ ရက်တွင် နေ့စဉ် ကူးစက်မှုအရေအတွက် ၃၉၀၀၄ ဦးဖြင့် စံချိန်တင်ခဲ့သည်။  လက်ရှိအချိန်အထိ ပြည်သူ ၇၃ ဒသမ ၃ သန်း ကျော်အား ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။

 

ပြည်သူ သန်း ၁၁၀ ဝန်းကျင်ရှိသည့် ဖိလစ်ပိုင် နိုင်ငံ၌ ပြည်သူ ၃၂ ဒသမ ၅ သန်းကျော်အား ကိုဗစ်- ၁၉ ရောဂါကူးစက်မှု ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ပြီး ဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်