ဩဂုတ် ၁၉
ဖိလစ်ပိုင်နိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူတစ်ဦးကိုတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဌာနက ယနေ့တွင်ပြောသည်။ အဆိုပါမျောက်ကျောက်ရောဂါဖြစ်ပွားသူတွေ့ရှိမှုသည် ယခုနှစ်အတွင်း ပထဆုံးအကြိမ်ဖြစ်ကြောင်း ထိုဌာနက ယမန်နေ့ကဖော်ပြထားသည်။မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၁၀ ဦး ရှိလာသည်ဟု ၎င်းဌာနကဆိုသည်။
ထိုရောဂါဖြစ်ပွားသူသည် အသက် ၃၃ နှစ်အရွယ် ဖိလစ်ပိုင်အမျိုးသားတစ်ဦးဖြစ်ပြီး နိုင်ငံအပြင်သို့ထွက်ခွာသည့် ခရီးသွားရာဇဝင်မရှိသော်လည်း ရောဂါလက္ခဏာမပြမီ သီတင်းပတ်သုံးပတ်မတိုင်မီက ယင်းရောဂါဖြစ်ပွားသူနှင့် ထိတွေ့မှုရှိခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ၎င်းရောဂါဖြစ်ပွားမှုကို နောက်ဆုံးတွေ့ရှိခဲ့သည်ဟုသိရသည်။ ယင်းရောဂါဖြစ်ပွားသူအားလုံးကို သီးခြားခွဲထားကာ ပြုစုစောင့်ရှောက်ပေးခဲ့ပြီးနောက် ပြန်လည်ကောင်းမွန်လာကြောင်း ထိုဌာနကပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို