ဒီဇင်ဘာ ၁၅
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၏ အနောက်တောင်ဘက် ကာဗိုက်ပြည်နယ်ရှိ လူနေထူထပ်သောနေရာတွင် မီးလောင်မှုဖြစ်ပွားသောကြောင့် လေးဦးသေဆုံးခဲ့သည်။
အဆိုပါမီးလောင်မှုသည် Bacoor မြို့တွင် ယနေ့မနက် ဒေသစံတော်ချိန် မနက် ၃ နာရီမထိုးမီက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ Bacoor မြို့ရှိ အိမ်ထောင်စု ၈၀ ကျော် မီးဘေးသင့်ခဲ့သည်ဟု မီးသတ်ဌာနက ပြောကြားသည်။
မီးသတ်သမားများအနေဖြင့် လမ်းများကျဉ်းမြောင်းသောကြောင့် မီးငြှိမ်းသတ်ရာတွင် သုံးနာရီနီးပါး အချိန်ယူခဲ့ရသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို