မနီလာ ဒီဇင်ဘာ ၁၂
ဖိလစ်ပိုင်နိုင်ငံ ရီဇယ်ပြည်နယ်၌ ရေကြီးမှုကြောင့် ခရီးသည်တင်ယာဉ်တစ်စင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီးနောက် ငါးနှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအပါအဝင် ခရီးသည် ရှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားသည်။
နစ်မြုပ်သွားခဲ့ခြင်းဖြစ်
ဒီဇင်ဘာ ၁၀ ရက် ဒေသစံတော်ချိန် ည ၉ နာရီမတိုင်မီ ခရီးသည် ၂၅ ဦး သယ်ဆောင်လာသည့် ယာဉ်တစ်စင်းသည် တာနေမြို့မှ ကျေးရွာတစ်ရွာသို့ အသွားလမ်းတွင် မြစ်တစ်စင်းအား ဖြတ်သွားစဉ် ရေကြီးမှုကြောင့် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရုတ်တရက်ရေကြီးမှုကြောင့် အဆိုပါခရီးသည် တင်ယာဉ်သည် မြစ်အလယ်တွင် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း တာနေမြို့ စည်ပင်သာယာရေးအဖွဲ့ သဘာဝဘေးလျော့ပါးရေးစီမံခန့်ခွဲမှုရုံးမှ အကြီးအကဲ နော်ဘာတိုဖရန်စစ်ကိုမာတီယန်ဇိုက ပြောကြားသည်။
ပြောကြား
အဆိုပါ ခရီးသည်တင်ယာဉ် နစ်မြုပ်မှုကြောင့် သေဆုံးသူများအနက် ခုနစ်ဦးသည် အသက် ၆၀ ကျော်အရွယ်များဖြစ်ကြောင်းလည်း နော်ဘာတိုဖရန် စစ်ကိုမာတီယန်ဇိုက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်