မတ် ၃

ဖိလစ်ပိုင်နိုင်ငံတွင် ရဟတ်ယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ရာ လူ တစ်ဦး သေဆုံးပြီး အခြား လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါရဟတ်ယာဉ်သည် မနီလာမြို့၏ အရှေ့ဘက်ရှိ ရီဇယ်ပြည်နယ်တွင် မနက် ၇ နာရီကျော်ခန့်က ပျက်ကျခဲ့ခြင်းဖြစ်သည်။

ထိုရဟတ်ယာဉ်ပေါ်တွင် နိုင်ငံခြားသား နှစ်ဦးအပါအဝင် လူ ငါးဦး လိုက်ပါခဲ့ကြောင်း လူမှုကွန်ရက်မီဒီယာတွင် ပီလီလာမြို့တော်ဝန်ကပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူ လေးဦးအနက် နှစ်ဦးသည် အခြေအနေ ပြင်းထန်ပြီး အခြား နှစ်ဦး  ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးလျက်ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များကို ပျက်ကျရာနေရာသို့ ချက်ချင်းသွားရောက်စေကာ ကယ်ဆယ်ရေးနှင့် ရုပ်အလောင်း ပြန်လည်ရယူရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့တော်ဝန်က ထပ်လောင်း ပြောကြားခဲ့သည်။

အာဏာပိုင်များအနေဖြင့် ပျက်ကျရသည့်အကြောင်းရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးမှုများဆက်လက် ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို