ဇူလိုင် ၂၇

 

ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီ တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားသဖြင့်  သေဆုံးသူငါးဦးရှိလာကြောင်း ဖိလစ်ပိုင်အမျိုးသားသဘာဝဘေးအန္တရာယ်အေဂျင်စီက ယနေ့တွင် ပြောကြားသည်။

 

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ဘန်ဂတ်ပြည်နယ်ရှိ မြေပြိုမှုတွင် လေးဦးမြေပိမိသွားကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီ ( အင်န်ဒီအာအာအမ်စီ )က ပြောကြားသည်။

 

တိုင်ဖွန်းမုန်တိုင်းဝင်ရောက်သောဒေသများတွင် ထပ်မံသေဆုံးမှုများရှိသဖြင့် သေဆုံးသူဦးရေမြင့်တက်လာနိုင်သည်ဟု ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းရှိ လူပေါင်း ၃၂၈၀၀၀ ကျော်သည် ဒေါ့ဆူရီမုန်တိုင်းဘေးသင့်ခဲ့ရာ ၂၀၀၀၀ နီးပါးသည် ယာယီနားခိုရေးစခန်း ၃၀၀ ကျော်တွင် နေထိုင်လျက်ရှိသည်ဟု ထိုအေဂျင်စီကဆိုသည်။

 

ဒေါ့ဆူရီသည် ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်းဝင်ရောက်သော ငါးကြိမ်မြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်သည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းသည် နှစ်စဉ် ပျမ်းမျှအားဖြင့် အကြိမ် ၂၀ ဝင်ရောက်လေ့ရှိသည်။

 

၂၀၁၃ ခုနှစ်က စူပါတိုင်ဖွန်းဟာအီရန်ဝင်ရောက်မှုကြောင့် လူ ၇၀၀၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို