မနီလာ နိုဝင်ဘာ ၂၉
ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွက် နိုင်ငံခြားခရီးသွားဝင်ရောက်မှုမှာ မျှော်မှန်းထားသည့် ၄ ဒသမ ၈ သန်းကို ကျော်လွန်လာပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်းအတွင်းဝန် ခရစ္စတီးနား ဂါစီယာ ဖရက်စကို က နိုဝင်ဘာ ၂၉ ရက်တွင် ပြောသည်။
နိုဝင်ဘာ ၂၇ ရက်အထိ ဖိလစ်ပိုင်နိုင်ငံသို့ နိုင်ငံ တကာခရီးသွား ၄၈၂၂၅၃၀ ဝင်ရောက်မှုရှိခဲ့ပြီး ပီဆို ၄၀၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၉၆ ဘီလီယံ) ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။
ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံများအနက် တောင်ကိုရီးယားနိုင်ငံက လာရောက် လည်ပတ်သူ စုစုပေါင်း၏ ၂၆ ဒသမ ၃၇ ရာခိုင်နှုန်း ရှိသည့်အတွက် အများဆုံးဖြစ်ကြောင်း၊ ယင်းနောက်တွင် အမေရိကန်နိုင်ငံက ၁၆ ဒသမ ၅၃ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံက ၅ ဒသမ ၆၆ ရာခိုင်နှုန်း နှင့် တရုတ်နိုင်ငံ က ၅ ဒသမ ၀၂ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။
ခရီးသွားလုပ်ငန်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ ဒုတိယမြောက် အမြင့်ဆုံးမောင်းနှင်အား ဖြစ်ကြောင်းနှင့် အဆိုပါ ခရီးသွားလုပ်ငန်းတွင် ဖိလစ်ပိုင်နိုင်ငံသား ၅ ဒသမ ၃၅ သန်းကို အလုပ်ခန့် ထားကြောင်း ဂါစီယာဖရက်စကို ကပြောသည်။
ဖိလစ်ပိုင်နိုင်ငံ၏ အဓိက စီးပွားရေးမောင်းနှင်အားတစ်ခုဖြစ်သော ခရီးသွားလုပ်ငန်းသည် ၂၀၂၂ ခုနှစ် တွင် နိုင်ငံ၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုးကို ၆ ဒသမ ၂ ရာခိုင်နှုန်း ပံ့ပိုးပေးနိုင်ခဲ့ ကြောင်း သိရသည်။
ဆင်ဟွာ