ဒီဇင်ဘာ ၁၈
ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၅ ဒသမ ၆၅ သန်းနီးပါးဝင်ရောက်မှုရှိကြောင်း ခရီးသွားလာရေးလုပ်ငန်းဌာနက ယနေ့သတင်းထုတ်ပြန်ထားသည်။
အဆိုပါခရီးသွားဝင်ရောက်မှုတွင် တရုတ်နိုင်ငံမှခရီးသွားဝင်ရောက်မှု ၃၀၆၅၄၉ ဦးပါဝင်သည်ဟု သိရသည်။ ယခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ ၁၇ ရက်နေ့အထိ နိုင်ငံခြားခရီးသွား ၅၆၄၆၃၅၁ ဦး ဝင်ရောက်မှုရှိရာ ၂၀၂၄ ခုနှစ်အတွက် မျှော်မှန်းထားသော ခရီးသွားဦးရေ ၇ ဒသမ ၇ သန်းအောက် လျော့နည်းနေသေးကြောင်း ဖော်ပြထားသည်။
ခရီးသွားဝင်ရောက်မှု၏ ၉၁ ဒသမ ၆၆ ရာခိုင်နှုန်းသည် နိုင်ငံခြားသားခရီးသွားများဖြစ်ပြီး ကျန်ရှိသည့်ခရီးသွား ၈ ဒသမ ၃၄ ရာခိုင်နှုန်းသည် နိုင်ငံခြားရောက် ဖိလစ်ပိုင်နိုင်ငံသားဖြစ်သည်ဟု သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁ ဘီလီယံ ဝင်ငွေရရှိကြောင်း ခရီးသွားလုပ်ငန်းအကြီးအကဲက ပြောသည်။
၂၀၂၃ ခုနှစ်က နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၅၄၅၀၅၅၇ ဦးရှိပြီး ၉၁ ဒသမ ၈ ရာခိုင်နှုန်းသည် နိုင်ငံခြားသားခရီးသွားများဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို