မနီလာ မေ ၂၄
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဆူလ်တန် ကူဒါရက် ပြည်နယ်ရှိ ကျေးရွာများတွင် ရေကြီးနစ်မြုပ်မှုများ ကြောင့် သုံးဦး ရေထဲမျောပါ သေဆုံးခဲ့ကြောင်း ပြည်နယ်အာဏာပိုင်များက မေ ၂၄ ရက်တွင် ပြောကြားသည်။
၎င်းတို့ထဲတွင် အသက် ၃၄ နှစ်အရွယ် မိခင်နှင့် အသက် ၁၂ နှစ်အရွယ် သမီးငယ်တစ်ဦးအပြင် ကာလာမန်ဆစ်မြို့မှ အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးတို့သည် မေ ၂၃ ရက်က ရေကြီးမှုကြောင့် သေဆုံးသွားခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးရုံးမှ တာဝန်ရှိသူများက ပြောသည်။
ဖိလစ်ပိုင်နိုင်ငံ၏ တောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ ဒေသဧရိယာများစွာသည် အပူပိုင်းမုတ်သုံ မိုးဆက် တိုက်ရွာသွန်းနေသောကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည်။
ဖိလစ်ပိုင် အမျိုးသားဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှုကောင်စီက မက်ဂင်ဒါနာအိုဒဲလ်ဆာရ် ပြည်နယ်၌ ရေကြီးမှုဒဏ်ခံစားနေရသူ နှစ်သိန်းခန့် ရှိကြောင်း ထုတ်ပြန်ထားသည်။
ဆင်ဟွာ