ဖိလစ်ပိုင်နိုင်ငံတွင် လှေတစ်စင်းနစ်မြုပ် လှေလှော်ကစားသမား ခုနှစ်ဉီး သေဆုံး

၂၅ စက်တင်ဘာ


ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ဘိုရာကေးကျွန်း ကမ်းခြေ အပန်းဖြေစခန်း အလွန်တွင် ယနေ့နံနက်ပိုင်းက ဒေသခံ နဂါးလှေအသင်းတစ်သင်းမှ လှေတစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး လူခုနှစ်ဉီး ရေနစ်သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ ကမ်းရိုးခြေစောင့် တပ်ဖွဲ့က ပြောကြားခဲ့သည်။ 


ကမ်းခြေအချို့နှင့် မီတာ ၃၀ဝ ခန့် ကွာဝေးသည့်  ဒေသစံတော်ချိန် နံနက် ၇ နာရီ မိနစ် ၄၀ အချိန်ခန့် ဝန်းကျင်တွင် နစ်မြုပ်ခဲ့သည့် အဆိုပါလှေမှ လူ ၁၄ ဦးကို ကယ်တင်ခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။


အဆိုပါ နဂါးလှေအဖွဲ့တွင် အဖွဲ့ဝင် ၂၁ ဉီးပါဝင်ပြီး အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲအတွက် လေ့ကျင့်နေစဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တပ်ဖွဲ့မှ ဆက်လက်ပြောကြားသည်။


အဆိုပါ မတော်တဆမှုသည် မည်သို့ဖြစ်ပွားရသည်ကိုမူ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။


အားကစား သမားအချို့က နစ်မြုပ်လှေကို တွယ်ဖက်ခဲ့ပြီး အချို့က ကမ်းခြေသို့ ရေကူးသွားခဲ့သည်ဟု ဒေသန္တရ မီဒီယာက ဖော်ပြခဲ့သည်။


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်

1