၁၃ မေ

 

ဖိလစ်ပိုင်နိုင်ငံက ဒီကနေ့ကျင်းပတဲ့ ရွေးကောက်ပွဲဟာ သမ္မတဒူတာတေးရဲ့ အာဏာကို ပိုမိုခိုင်မှာလာမယ့် ရွေးကောက်ပွဲဖြစ်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။ ဒီရွေးကောက်ပွဲမှာ  အထက်လွှတ်တော်အတွက် ထောက်ခံမှု များများရရှိနိုင်ပါက  နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံကို အပြောင်းအလဲများ လုပ်နိုင်သလို သေဒဏ်ပေးခြင်းကိုလည်း ပြန်လည်အသက်သွင်းနိုင်မှာဖြစ်ပါတယ်။ 

 

f09245


 
ဒေသစံတော်ချိန် မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ မဲပေးခွင့်ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ ကျွန်းပေါင်း ၇၀ဝ၀ ကျော်မှာ မဲပေးခွင့်ရှိသူ ၆၁ သန်းက မဲပေးဖို့အတွက် မှတ်ပုံတင်ထားပြီး ဖြစ်ပါတယ်။ 

 

သမ္မတ ဒူတာတေးက မူးယစ်ဆေးနဲ့ ပတ်သတ်သော ပစ်မှုတွေအတွက် သေဒဏ်ပေးခြင်းကို ပြန်လည်အသက်သွင်းချင်နေပါတယ်။ သေဒဏ်အပစ်ပေးခြင်းကို ၁၉၈၇ ခုနစ်က ရုပ်သိမ်းပြီး ၆ နှစ်အကြာမှာ ပြန်လည်အသက်သွင်းခဲ့ရာ ၂၀ဝ၆ ခုနစ်မှာ ထပ်မံဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။ 

 

f9e26d5

 

အသက် ၇၄ နှစ်အရွယ် သမ္မတရဲ့ သားသမီးတွေဟာ ဒေသဆိုင်ရာ ရုံးတွေမှာ လုပ်ကိုင်နေကြပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဒူတာတေးနေရာကို ဆက်ခံမယ့်သူလို့ ပြောဆိုနေတဲ့ ဆာရာ ဒူတာတေးက ဒါဗာအိုမြို့တော်ဝန်အဖြစ်ပြန်လည်အရွေးခံဖို့ လုပ်ဆောင်နေပါတယ်။ ဒါဗာအို မြို့ဟာ ဒူတာတေးကိုယ်တိုင် ၁၉၈၀ခု နှစ်များ  ကနေ ၂၀၁၆ ခုနှစ် သမ္မတ မဖြစ်ခင်အထိ မြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။ 

 

a75d00

 

သမ္မတရဲ့ သားတစ်ဦးဖြစ်တဲ့ ဆာဘာစတိန်း ကလည်း ဒါဗာအိုမြို့ရဲ့ ဒုတိယမြို့တော်ဝန်အဖြစ် လုပ်ကိုင်နေသလို အကြီးဆုံးသား ပါလို ကလည်း အောက်လွှတ်တော်မှာ လွတ်တော်အမတ်တစ်နေရာကို ရယူဖို့ ကြိုးနေပါတယ်။  

 

9d1c70a4

 

နိုင်ငံတကာက ဒူတာတေးရဲ့ သွေးစွန်းတဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးစစ်ကို ရှုံ့ချနေပေမယ့် နိုင်ငံတွင်းမှာတော့ ထောက်ခံမှုတွေ ဆက်လက်ရှိနေတာကို တွေ့ရပါတယ်။ လက်တလော ဆန္ဒမဲကောက်ခံမှုအရ ၇၉%နှုန်းက ထောက်ခံမှုပေးနေပါတယ်။ 

 

ရွေးကောက်ပွဲရလဒ်ကို လာမယ့် သောကြာနေ့ သို့မဟုတ် လာမယ့် သီတင်းပတ် မှာ ကြေငြာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ 

 

MDN

 

ကိုးကား - AFP

 

7b74fccc