၁၄ မေ

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးကို အားပေးထောက်ခံသော ကိုယ်စားလှယ်လောင်းများသည် ယမန်နေ့က ကျင်းပခဲ့သော သက်တမ်းဝက် ရွေးကောက်ပွဲများတွင်  အရေးသာနိုင်ကြောင်း ဒေသခံမီဒီယာရေးသားဖော်ပြချက်အရ သိရသည်။

အဆိုပါ သက်တမ်းဝက် ရွေးကောက်ပွဲသည် ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် မြို့တော်ဝန်များအပါအဝင် အောက်လွှတ်တော်နေရာများနှင့် ဒေသန္တရ အစိုးရ နေရာများ အထက်လွှတ်တော်နေရာ ၂၄ နေရာထဲမှ ၁၂ နေရာအတွက် ရွေးကောက်မှုဖြစ်ကြောင်း သိရသည်။

သမ္မတသက်တမ်း ခြောက်နှစ်တွင် ခရီးတစ်ဝက်အမှတ်သညှာဖြစ်သည့် ထိုသက်တမ်းဝက်ရွေးကောက်ပွဲကို ဒူတာတေး၏ တင်းမာသော ရာဇဝတ်မှုတိုက်ဖျက်ရေး မူဝါဒများအပေါ် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ခြင်းအဖြစ် ရှုမြင်ကြသည်။

မဲဆွယ်စည်းရုံးရေးတွင် ပြီးခဲ့သည့်သုံးနှစ်က သမ္မတ တာဝန်ယူပြီး ကတည်းက မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် ပြစ်မှုများအပေါ် ၎င်း၏အလေးထား ထိရောက်စွာနှိမ်နင်းမှုကြောင့် လူ့အဖွဲ့အစည်း ပိုလုံခြုံမှု ဖြစ်ပေါ်စေသည် ဒူတာတေးက အလေးထားပြောကြားခဲ့သည်။

ဒူတာတေးသည် ၎င်း၏ သမ္မတ သက်တမ်း ဒုတိယထက်ဝက် ကာလအတွင်း ရာဇဝတ်မှုတိုက်ဖျက်ရေးအရှိန်အဟုန်မြှင့်ရန် လှုံ့ဆော်ပြီး ၎င်း၏ သြဇာအာဏာ ပိုခိုင်မာလာစေရန်  လုပ်ဆောင်မည်ဟုမျှော်လင့်ရသည်။

ရွေးကောက်ပွဲတရားဝင်ရလဒ်များကို ရက်ပေါင်းများစွာ အတည်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို