မနီလာ ဖေဖော်ဝါရီ ၁၀
ရွေးကောက်ပွဲမဲပေးဖို့ သုံးလအလို ဖေဖော်ဝါရီ ၈ ရက်တွင် ဖိလစ်ပိုင်သမ္မတသစ်ဖြစ်လာရန် ကိုယ်စားလှယ်လောင်းများ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးမှုများ စတင်ခဲ့သည်။
အာဏာရှင်ဟောင်း၏ သားဖြစ်သူ ဖာဒီနန်မားကို့စ် ဂျူနီယာသည် လူထုသဘောထားစစ်တမ်းတွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။ မြို့တော် မနီလာအနီးရှိ ၎င်း၏ မဲဆွယ်စည်းရုံးမှုတွင် မားကို့စ်က ပြည်သူလူထုအား ကပ်ရောဂါနှင့် စီးပွားရေးအကျပ်အတည်းပဋိပက္ခကို အတူတကွ စည်းလုံးညီညွတ်စွာ ရင်ဆိုင်ရန် တိုက်တွန်းပြောကြားလိုက်သည်။ အဆိုပါပွဲသို့ လူပေါင်း ၂၀၀၀၀ ခန့် တက်ရောက်ခဲ့သည်။
မားကို့စ်အပြင် နောက်ထပ် ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အဓိကပြိုင်ဘက် အမတ်လောင်းများမှာ လီနီရိုဘရီဒို၊ ဖရန်စစ္စကိုဒိုမာဂိုဆိုနှင့် မန်နီပက်ကွီယိုတို့ ဖြစ်ကြသည်။
လီနီရိုဘရီဒိုသည် လက်ရှိဒုသမ္မတနှင့် လူ့အခွင့်အရေးရှေ့နေဖြစ်သည်။ သူမ၏ မဲဆွယ်စည်းရုံးပွဲတွင် ရိုဘရီဒိုက ဒူတာတေး၏မူဝါဒများကို စိတ်ဝယ်စွဲမြဲစွာဖြင့် ရိုးသားကြိုးစားသည့် အစိုးရတစ်ရပ် ဖွဲ့စည်း တည်ဆောက်ရန် တိုက်တွန်းပြောကြားထားသည်။
ဖရန်စစ္စကို ဒိုမာဂိုဆိုသည်မနီလာမြို့တော်ဝန်နှင့် သရုပ်ဆောင်ဟောင်းတစ်ဦးဖြစ်သည်။ လွှတ်တော် အမတ် မန်နီပက်ကွီယိုသည် နာမည်ကြီးလက်ဝှေ့ ကျော်ဟောင်းတစ်ဦး ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံသားများသည် ဒူတာတေးနေရာတွင် သမ္မတအဖြစ်ဆက်ခံမည့်သူကို မေလတွင် မဲပေး ကြမည်ဖြစ်သည်။ ဒူတာတေး၏ ခြောက်နှစ်ကြာ သမ္မတသက်တမ်းသည် မကြာမီတွင် ပြီးဆုံးတော့ မည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ