ဇန်နဝါရီ ၇
ဖိလစ်ပိုင်တောင်ပိုင်း ဒါဗာအို အိုရီယန်ပြည်နယ်တွင် ပြင်းအား ၆ ဒသမ ၇ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မီးတောင်နှင့် ငလျင်ဗေဒဌာနက ယနေ့နံနက်တွင် ပြောကြားခဲ့သည်။
ငလျင်ဗဟိုချက်သည် မာနေးကမ်းရိုးတန်းမြို့မှ ၄၇ ကီလိုမီတာခန့်အကွာ မြေအောက်အနက် ၄၂ ကီလိုမီတာတွင် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၀၂ မိနစ်တွင် လှုပ်ခတ်ခဲ့သည်ဟု သိရသည်။
အထူးသဖြင့် ဗဟိုချက်အနီးရှိ နေရာများတွင် နောက်ဆက်တွဲငလျင်များ ဖြစ်ပေါ်စေပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်ဟု ထိုဌာနက ဆိုသည်။
ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ် မီးတောင်ကွင်း တစ်လျှောက်တွင် တည်ရှိသောကြောင့် မကြာခဏ ငလျင်လှုပ်ရှားမှုများ ကြုံတွေ့ရလေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


