ရန်ကုန်      ဇွန်     ၁၈

မြန်မာအမျိုးသမီးကလပ် ရတနာပုံအသင်းသည် တိုက်စစ်ပိုင်းအတွက် ဖိလစ်ပိုင်တိုက်စစ်ကစားသမား   လာရာကန်ကို   ခေါ်ယူလိုက်ပြီဖြစ်သည်။

ရတနာပုံအသင်းသည် ယခုနှစ်မှ စတင်ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ပြီး ပထမဆုံးရာသီမှာပင် လိုအပ်သည့်နေရာများကို အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။   ရတနာပုံအမျိုးသမီးအသင်းသည် လူငယ်ကစားသမားအများစုဖြင့် ဖွဲ့စည်းထားသော်လည်း  တိုက်စစ်ပိုင်းအတွက်  မြန်မာ့လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို ခေါ်ယူထားသလို ယခု ဖိလစ်ပိုင်တိုက်စစ် ကစားသမား လာရာကန် ကိုပါ ခေါ်ယူခဲ့ခြင်းဖြစ်သည်။   သူသည်   ဖိလစ်ပိုင်ထိပ်သီးကလပ် စတေလီယန် လာဂူနာအသင်းတွင် ကစားခဲ့သူဖြစ်သည်။ ရတနာပုံအသင်းသည် နိုင်ငံခြားသားကစားသမား သုံးဦးအထိ ခေါ်ယူရန် စီစဉ်ထားကြောင်း သိရသည်။

ရတနာပုံအသင်းသည် ဇွန် ၁၆ ရက်က ကစားသည့် ပွဲစဉ်(၁)တွင် ရန်ကုန်ယူနိုက်တက်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - YDNBFC