၂၃ ဧပြီ
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းရှိ လူဇုံကျွန်းတွင် ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့ရာ ထိခိုက်ပျက်စီးမှုများကို ပြန်လည်ထူ ထောင်ရန် ဖိလစ်ပိုင်အာဏာပိုင်များ ဆောင်ရွက်လျက်ရှိသည်။
အင်အားပြင်းငလျင်ကြောင့် ပန်ပန်ဂါပြည်နယ်တွင် လူပေါင်း ၈ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသန္တရမီဒီ ယာက ဖော်ပြခဲ့သည်။
ပြင်းအား ၆ဒသမ ၁အဆင့်ရှိ ငလျင်တစ်ခုမှာ မနီလာမြို့တော်၏ အနောက်မြောက်ဘက် ၆၀ကီလိုမီတာအကွာ မြို့တစ်မြို့တွင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက ပြောကြားသည်။
အဆောက်အဦများ ပြိုကျပျက်စီးမှုကြောင့် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင် လျက်ရှိကြောင်း ဒေသန္တရမီဒီယာက ပြောကြားသည်။ အပျက်အစီးများအောက်တွင် ပိတ်မိနေသူများရှိမည်ဟု ယူဆရသည်။
အဆိုပါငလျင်ကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများလည်း ထိခိုက်လျက်ရှိသည်။
ကာလ်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းရှိ အဆောက်အအုံတစ်ခု၏အမိုးတစ်ခု လွင့်စင်သွားပြီးနောက် လေဆိပ်ကို အင်္ဂါနေ့ ည ၈နာရီအထိ ပိတ်ထားမည်ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံမှာ ပစိဖိတ်သမုဒ္ဒရာအနားတွင် တည်ရှိခြင်းကြောင့် မြေငလျင်များလှုပ်ခတ်ခြင်းနှင့် မီးတောင်ပေါက်ကွဲခြင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်