မနီလာ နိုဝင်ဘာ ၉
ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ ၈ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၀၈၇ ဦး တိုးလာပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၈၀၅၂၉၄ ဦးအထိရှိလာခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်းထုတ်ပြန် ဖော်ပြလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၉၁ ဦး ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူပေါင်း ၄၄၅၂၁ ဦးအထိ ရှိလာခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ သို့မဟုတ် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ရင်ဆိုင်အသက်လုနေရသူ အရေအတွက် နောက်ထပ် ၃၂၀၇၇ ဦးအထိ လျော့နည်းကျဆင်းလာခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ဒေသနှစ်ခုမှလွဲ၍ မြို့တော် မနီလာအပါအဝင် တခြားဒေသများ၏ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနှုန်းသည် ကျဆင်းလာခဲ့ကြောင်း ကျန်းမာရေးဌာနအကြီးအကဲ မာရီယာ ရိုဆာရီယို ဗာဂျီရီက ပြောသည်။
နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် လွန်ခဲ့သော သီတင်းပတ်တွင် ၄၆ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ကြောင်း ဗာဂျီရီက ပြောသည်။
လွန်ခဲ့သောနှစ် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစကာ ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လှိုင်းဂယက်သုံးခု ရိုက်ခတ်ခြင်းကို ခံခဲ့ရသည်။
နောက်ဆုံး ကိုဗစ်-၁၉ လှိုင်းသည် စက်တင်ဘာလတွင် မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက် တစ်နေ့တည်း ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ ၂၆၃၀၃ ဦးဖြင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနှုန်း အမြင့်ဆုံး ဖြစ်ခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေသန်း ၁၁၀ ရှိသည့်အနက် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၂၁ ဒသမ ၈ သန်း ကျော်ရှိလာပြီဖြစ်သည်။
ဆင်ဟွာ