၂၉ မေ

ဖိလစ်ပိုင်နိုင်ငံရှိ မနီလာမြို့တော်နှင့်ပြည်နယ်ခြောက်ခုတို့တွင် ဇွန် ၁ ရက်နေ့မှစတင်ကာ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ပိတ်ဆို့မှုများ ဖြေလျှော့မည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောကြားသည်။

 

မြို့တော်မနီလာ နှင့် ပြည်နယ်ခြောက်ခုတို့တွင် ယင်းသို့ဖြေလျှော့မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယမန်နေ့က ရုပ်မြင်သံကြားတွင် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကြေညာခဲ့သည်။

 

အသက် ၂၀ နှင့် ၂၀ နှစ်အောက်လူငယ်များ၊ အသက် ၆၀ နှင့် ၆၀ နှစ်အထက်လူကြီးများ  အပျော်ခရီးထွက်ခြင်းကို ကန့်သတ်ထားသည်။

 

အခြားအသက်အရွယ်များကိုမူ ၎င်းတို့၏နေအိမ်များမှ ထွက်ခွာခွင့်ပြုမည် ဖြစ်သည်။

 

မရှိမဖြစ်မဟုတ်သော ထုတ်လုပ်မှုများနှင့်ဝန်ဆောင်မှုလုပ်ငန်းများကို ထက်ဝက်သာ လုပ်ဆောင်ခွင့်ပြုခဲ့သော်လည်း လာမည့်သီတင်းပတ်မှစတင်ကာ လုပ်ငန်းများ အပြည့်အဝ ပြန်လည်စတင်နိုင်တော့မည် ဖြစ်သည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် ယခုချိန်အထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြု ကူးစက်ခံရသူ အရေအတွက် ၁၅၅၈၈ ရှိသည်။

 

ကိုဗစ်-၁၉ ကူးစက်မှုနှုန်း လျော့ကျခြင်း မရှိသေးသောကြောင့် အစိုးရ၏ ကန့်သတ်ပိတ်ဆို့မှု ဖြေလျှော့မည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ကျွမ်းကျင်သူအချို့က စိုးရိမ်ပူပန်သည်ဟု ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို