တာချီလိတ် ၂၂ အောက်တိုဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ရှမ်းရိုးမကွင်းကြီးတွင် မြို့ရွှေမန်းသား ဖိုးချစ် ဦးဆောင်သော ဇာတ်အလှသဘင်ဖြင့် ဆောင်းရာသီပွဲတော်ကို အောက်တိုဘာ ၂၃ ရက်တွင် စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းရာသီပွဲတော်အဖြစ် သီတင်းကျွတ် မီးထွန်းပွဲတော်ကို အောက်တိုဘာ ၂၃ ရက်မှ ၂၇ ရက်အထိ မြို့ရွှေမန်းသား ဖိုးချစ် ဦးဆောင်သည့် မြန်မာ့ဇာတ် အလှသဘင်ဖြင့် လည်းကောင်း၊ နိုဝင်ဘာ ၅ ရက်တွင် ရှမ်း၊ အာခါ၊ လားဟူ စသော ဒေသတွင်း နာမည်ကြီး တိုင်းရင်းသား အဆိုတော်များဖြင့် လည်းကောင်း၊ နိုဝင်ဘာ ၆ ရက်တွင် ဝေလ၊ ဟန်ထွန်း၊ ဝန၊ အိုက်ထွန်း၊ နီနီခင်ဇော် စသည့် နိုင်ငံကျော် အဆိုတော်များဖြင့် လည်းကောင်း၊ နိုဝင်ဘာ ၇ ၊ ၈ ရက်နှင့် ၉ ရက်တို့တွင် အိမ်နီးချင်း ထိုင်းနိုင်ငံမှ အဆိုတော်များဖြင့် လည်းကောင်း ဖျော်ဖြေပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)