နယူးယောက် နိုဝင်ဘာ ၇
အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်သည့် ဖိုက်ဇာကုမ္ပဏီသည် ကိုဗစ်-၁၉ သောက်ဆေးကို ထုတ်လုပ်ထားပြီး ၎င်းတို့ ထုတ်လုပ်ထားသည့် သောက်ဆေးမှာ ကိုဗစ်-၁၉ ရောဂါဝေဒနာများကြောင့် ဆေးရုံ တက်ရခြင်းနှင့် သေဆုံးမှုတို့ကို သိသိသာသာ လျှော့ချပေးနိုင်သည်ဟုပြောသည်။
ရောဂါလက္ခဏာ ပြင်းထန် သည့် လူနာပေါင်း ၇၇၀ ကျော်ဖြင့် လက်တွေ့စမ်းသပ်မှု နောက်ဆုံးအဆင့်ကို ပြုလုပ်နေသည်ဟု ကုမ္ပဏီက ပြောသည်။ ဖိုက်ဇာကိုဗစ်-၁၉ သောက်ဆေးပေးထားသည့် လူနာများမှာ သေဆုံးမှုနှင့် ဆေးရုံတက်ရောက် ကုသရမှုကို ၈၉ ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်ဟု တွေ့ရှိရသည်။ ။
ဆေးဘက်ဆိုင်ရာ တိုးတက်မှုကြီးတစ်ခုဟု ထင်မြင်မိကြောင်း ဖိုက်ဇာကုမ္ပဏီမှ သိပ္ပံဆိုင်ရာအကြီးအကဲ မိုက်ကယ် ဒေါ်ဆန်ကပြောသည်။
ပြီးခဲ့သည့် လအတွင်းကလည်း အမေရိကန် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သည့် Merck သည် ၎င်းတို့ထုတ်လုပ်ထားသည့် သောက်ဆေးကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနထံ ခွင့်ပြုချက်တောင်းခံ ခဲ့သည်။ ဗြိတိန်နိုင်ငံရှိ ဆေးဝါး ကြီးကြပ်သူများက အဆိုပါဆေး ကို နိုဝင်ဘာ ၃ ရက်တွင် ထောက်ခံချက် ပေးခဲ့သည်။ ကိုဗစ်-၁၉ သောက်ဆေးကို ပထမဦးဆုံးအကြိမ်အဖြစ် ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်သည်။
အင်န်အိတ်ချ်ကေ