ယင်းမာပင်  ၂၉     အောက်တိုဘာ   

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ဖိုလ်ဝင်တောင်ကြိုးဝိုင်းအတွင်းရှိ ကျေးရွာသုံးထင်းစိုက်ခင်းမှ ထွက်ရှိသော ထင်းနှင့် မျောများအား ကျေးရွာပြည်သူ များအား ဝေငှပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက အဆိုပါ ကျေးရွာသုံး ထင်းစိုက်ခင်း၌ ကျင်းပကြောင်း သိရသည်။

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးလင်းအောင်ရွှေ၊ မုံရွာခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းနိုင်ကြွယ်၊ ယင်းမာပင်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးရဲလင်းအောင်တို့က ကျေးရွာအိမ်ထောင်စုများအား ထင်းများ ပေးအပ်ခဲ့ကြသည်။

 

" ကျွန်တော်တို့ ယင်းမာပင်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဒီဖိုလ်ဝင်တောင်ကြိုးဝိုင်း အတွင်းတွင် ကျေးရွာသုံးစိုက်ခင်းအဖြစ် ၁၂၅ ဧကစိုက်ပျိုးထားရှိပြီး အခုဒီစိုက်ခင်းမှ ထွက်ရှိသော ထင်းနှင့် မျောများကို အကျိုးပြုကျေးရွာဖြစ်သည့် ကောင်းဆင့်ကျေးရွာမှ အိမ်ထောင်စု ၂၀ အိမ်ထောင်စုတို့အား တစ်အိမ်ထောင်လျှင် ဝ ဒသမ ၃ တန် နှုန်းဖြင့် ဖြန့်ဝေပေးခြင်း ဖြစ်ပါတယ်" ဟု ယင်းမာပင်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေမျိုးထွန်းက ပြောပြသည်။

 

အဆိုပါ ထင်းနှင့် မျောများ ပေးအပ်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလင်းအောင်ရွှေ၊ မုံရွာခရိုင်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းနိုင်ကြွယ် ၊ ယင်းမာပင်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးရဲလင်းအောင်၊ ယင်းမာပင်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကောင်းဆင့်ကျေးရွာမှ ရွာသူ၊ ရွာသားများ တက်ရောက်ခဲ့ကြသည်။

 

သန်းဌေးအောင်(ကနီ)