၁၉ ဇူလိုင်

 

တတိယမြောက် တစ်ကိုယ်တော်စီးရီး တွန်းအားကို ဖခင်၏ မွေးနေ့တွင် အမှတ်တရအဖြစ် ဖြန့်ချိမည်ဖြစ် ကြောင်း အဆိုတော် ဉာဏ်လင်းအောင်က ပြောကြားသည်။ အသင့်ရှိသူ၊ တစ်စိမ်းလူ စသည့် စီးရီးနှစ်ခွေနှင့်အတူ ဂီတလောကအတွင်း ပရိသတ်အခိုင်အမာရရှိထားသည့် ဉာဏ်လင်းအောင်က တတိယမြောက်အခွေကို ၂၀၁၇နှစ်ဆန်းကတည်းက ဖန်တီးခဲ့ခြင်းဖြစ်သည်။

 

“ဒီအခွေကို ၂၀၁၇ကတည်းက စလုပ်ခဲ့တာ။ သီချင်းတွေရွေးနေတာနဲ့ ကြာသွားတယ်။ ကျွန်တော့်ရဲ့ အခွေတွေ ထွက်လာဖို့ဆိုရင် အဖေ့ရဲ့ တွန်းအားတွေက အများကြီးပါတယ်။ ပရိသတ်တွေကလည်း အခွေသစ်ထွက်ဖို့ တွန်းအားပေးကြတယ်။ ဒါကြောင့် ဒီခေါင်းစဉ်ကို ရွေးချယ်တာပါ။ ကျွန်တော့်အခွေ အားလုံးကတော့ ကိုယ်ပိုင် သံစဉ်တွေပါပဲ။ အဖေ့ရဲ့ မွေးနေ့ကို ရွေးချယ်ဖြစ်တာက အမှတ်တရဖြစ်စေချင်လို့ပါ”ဟု ဉာဏ်လင်းအောင်က ပြောကြားသည်။

 

“တွန်းအားလို့ပေးထားတာကတော့ လူတစ်ယောက်အတွက် ဘယ်လိုအကြောင်းအရာတွေပဲ ဖြစ်စေ အရေးကြုံလာခဲ့ရင် ခွန်အားတွေအလိုလိုဖြစ်စေလာတာမျိုး ၊ သီချင်းလေး ရဲ့ အဓိပ္ပါယ်ကတော့ ခွန်အားပေးတဲ့ ပုံစံမျိုးလေးပါ။ စိတ်ဓာတ်ပိုင်းကိုပေါ့၊ ကိုရယ်ဂျီ ရေးပေးထားတဲ့ သီချင်းလေးပါ ၊ အချစ်နဲ့ သက်ဆိုင်တာ တော့မဟုတ်ပါဘူး ၊ဘဝ နဲ့သက်ဆိုင်တဲ့ သီချင်းလေးပါ။ ဇူလိုင် ၂၁ ရက်က အဖေ့မွေးနေ့ဖြစ်တာမို့ စတင်ဖြန့်ချိ သွားမယ်”ဟု သူကဆက်ပြောသည်။

 

ယင်းစီးရီးကို  ၂၂ ရက် ညနေ ၃ နာရီတွင် လှည်းတန်းစင်တာ၌ အနုပညာရှင်များနှင့်  လက်မှတ်ရေးထိုး သီဆိုဖျော်ဖြေမည်ဖြစ်ပြီး တေးသီချင်းများကို သောမတ်စ်၊ ရယ်ဂျီ ၊ အောင်ကိုမြင့်၊ ညီမင်းခိုင်၊ဝေကြီး၊ဒိုးပတ် တို့ရေးသားထားကြပြီး ခြောက်ပုဒ်ခန့်ပါဝင်ကြောင်း သိရသည်။

 

ကိုလင်း