ဖလမ်း ၁၁ ဧပြီ
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရက ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ကြက်သွန်များ ထောက်ပံ့ပေးမည်ဖြစ်ရာ ဖလမ်းမြို့၊ ဗလိုင်၊ တလန်လိုနှင့် လိုင်လွန်ရပ်ကွက်များရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ဧပြီ ၁၁ ရက် နံနက် ၁၀ နာရီက ဖလမ်းမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ ဆန်များ ဖြန့်ဝေပေးသည်။
ထိုသို့ဖြန့်ဝေရာတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ဖလမ်းမြို့၊ ဗလိုင်၊ တလန်လိုနှင့် လိုင်လွန်ရပ်ကွက်များရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများကို အိမ်ထောင်စု တစ်စုလျှင် ဆန်(၈)ပြည်နှုန်းဖြင့် ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
ဂျွန်(ပြန်/ဆက်)


