ဖလမ်း၊   ၇   ဇန်နဝါရီ

ဖလမ်းမြို့၌ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ညအပူချိန် သိသာထင်ရှားစွာ မြင့်တက်ပြီး ယခင်နှစ်များထက် အအေးပိုလျော့သွားသည်။ ဖလမ်းမြို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရုံး စာရင်းဇယားအရ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပျမ်းမျှအမြင့်ဆုံး အပူချိန် ၂၀ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန် ၇ ဒသမ ၈ ဒီဂရီစင်တီဂရိတ်၊  ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း ပျမ်းမျှအမြင့်ဆုံး အပူချိန် ၁၉ ဒသမ ၈ ဒီဂရီစင်တီဂရိတ် နှင့် ပျမ်းမျှအနိမ့်ဆုံးအပူချိန် ၈ ဒသမ ၄ ဒီဂရီစင်တီဂရိတ် ရှိခဲ့သည်။


၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အမြင့်ဆုံးအပူချိန် ၂၃ ဒသမ ၇ ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန် ၉ ဒသမ ၃ ဒီဂရီစင်တီဂရိတ်နှင့် ဇန်နဝါရီလ ၆ ရက်နေ့အထိ အမြင့်ဆုံးအပူချိန် ၂၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ် နှင့် အနိမ့်ဆုံးအပူချိန် ၁၄ ဒသမ ၀ ဒီဂရီစင်တီဂရိတ် ရှိခဲ့သည်။


မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းဇယားအရ ဖလမ်းမြို့၌ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နေ့တွင် အမြင့်ဆုံးအပူချိန် ၂၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန် ၉ ဒသမ ၅ ဒီဂရီစင်တီဂရိတ် မှ ဇန်နဝါရီလ ၄ ရက်နေ့တွင် အမြင့်ဆုံးအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ် နှင့် အနိမ့်ဆုံးအပူချိန် ၁၄ ဒီဂရီစင်တီဂရိတ်အဖြစ် ပြောင်းလဲခဲ့ပြီး ယခင်နှစ်များထက် အအေးပိုလျော့၍ အပူချိန် ပိုမိုမြင့်မားလာကြောင်း သိရသည်။


(ခရိုင် ပြန်/ဆက်)