ဖလမ်း၊ ၂၈ ဇန်နဝါရီ

 

ဖလမ်းမြို့အတွင်း စက်သုံးဆီ သိုလှောင်/ရောင်းချခြင်း ရှိ မရှိ လိုက်လံစစ်ဆေးခြင်းကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက မြို့နယ်အဆင့် ဌာဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြသည်။

 

ကျွန်တော်တို့ ဖလမ်းမြို့ပေါ်မှာ စက်သုံးဆီ သိုလှောင်/ရောင်းချခြင်း ရှိ မရှိ ကျွန်တော်တို့က တစ်အိမ် တက်ဆင်းပြီးတော့မှ စစ်ဆေးရတဲ့ သဘောပါ။ ပွင့်လင်းရာသီ ရောက်ပြီဖြစ်တဲ့အတွက် ရပ်ကွက် အတွင်းမှာ လုံးဝရောင်းချခြင်းမပြုအောင် ကျွန်တော်တို့က အသိပေးပြီးတော့မှ နောက်ပိုင်း ရောင်းလာခဲ့ရင် ဥပဒေအရ အရေးယူမှာဖြစ်ကြောင်းကိုလည်း ပြည်သူတွေသိအောင် အသိပေးတဲ့ လုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ပါတယ် ဟု ဖလမ်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးဘွေမောင်းထန် က ပြောပြသည်။

 

မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး မြို့အတွင်းတွင် စက်သုံးဆီ သိုလှောင်/ရောင်းချခြင်း မပြုရေး အသိပညာပေးခဲ့ပြီး တွေ့ရှိပါက မြန်မာနိုင်ငံမီးသတ်ဥပဒေ ပုဒ်မနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မီးသတ် ဦးစီးဌာနမှ သိရသည်။

 

ခရိုင်(ပြန်/ဆက်)