ဖလမ်း ၁၇ သြဂုတ်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့် ဖလမ်းမြို့ မြို့မိမြို့ဖများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ ညနေ ၂ နာရီက ဖလမ်းမြို့ တောင်ဇလပ်ရိပ်သာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်းနှင့် ချင်းပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းတို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများကို ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဖလမ်းမြို့ရေပေးဝေရေး၊ ဂေါက်ကွင်းကိစ္စရပ်ဆိုင်များနှင့်ပတ်သက်ပြီး ဖလမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးဒါရ်လျန်အုပ်က လည်းကောင်း၊ ဖလမ်းမြို့၊ မြို့ပြစီမံကိန်းအတွင်း လမ်းဖောက်လုပ်နေမှု အခြေအနေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်ကလည်းကောင်း ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် မြို့မိမြို့ဖများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးကြကြောင်း သိရသည်။ အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စီမံခန့်မှုကော်မတီဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


