ဖလမ်း      ၁၇      စက်တင်ဘာ        


ဖလမ်းမြို့နယ်အတွင်း လိုင်စင်မရှိသော မော်တော်ဆိုင်ကယ်များအား ဖလမ်းမြို့၊ အမှတ်(၁၀၃) ယာဉ် ထိန်းရဲတပ်ဖွဲ့စုမှူးရုံး၌ ဒေသလိုင်စင် စတင်ပြုလုပ်၍ရနေပြီဖြစ်ကြောင်း အဆိုပါရုံးမှ သိရသည်။
        

ဒေသလိုင်စင်ပြုလုပ်သည့် မော်တော်ဆိုင်ကယ်များသည် လိုင်စင်မထုတ်ပေးသည့် ကာလအတွင်း ဒဏ်ကြေးငွေပေးဆောင်သည့် ချလန်များကို ကိုင်ဆောင်ရမည်ဖြစ်သည်။ 


ဒေသလိုင်စင် လာရောက် ပြုလုပ်သည့်အရေအတွက် များလာပါက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ဟားခါး) ရုံးက လိုင်စင်များ လာရောက်ပြုလုပ်ပေးနိုင်ရန် သက်ဆိုင်ရာဌာနက ညှိနှိုင်းမည်ဖြစ်ကြောင်း သိရသည်။


ခရိုင်ပြန်ဆက်