ဖလမ်း  ၁  ဇွန်     

ဖလမ်းမြို့ရှိ ဒေါ်ကျဲရ်စင်ပါရ်၏ စိုက်ခင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မေလ စတုတ္ထပတ်ကစ၍ ဝဥစံပြစိုက်ခင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

“ဖလမ်းမြို့နယ် စိုက်ပျိုးရေးဝန်ထမ်းတွေဟာ စိုက်ပျိုးရေးဦးစီးဌာနရဲ့ စွမ်းဆောင်ရည်တစ်ခုဖြစ်တဲ့ ဝဥမျိုး ပျိုးခင်းစံပြကွက်ကို ကျွန်တော်တို့မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်းတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ဝဥမျိုးတစ်ပင်ရဲ့ အထွက်နှုန်း၊ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်းအားလုံးကို သုတေသနပြုလုပ်ရန်အတွက်ရယ်၊ ကျွန်တော်တို့စိုက်ပျိုးတဲ့ အရာတွေကို ဖလမ်းမြို့ နယ်တောင်သူတွေက ကြည့်ရှုခွင့်ရပြီး သူတို့ကိုယ်တိုင်လည်း စိုက်ပျိုးလာနိုင်ဖို့ အလို့ငှာ ဆွဲဆောင်တဲ့အနေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်” ဟု ဖလမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးမင်းနိုင်က ပြောသည်။

 

အဆိုပါစိုက်ခင်းတွင် ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်မြို့များမှ ဝယ်ယူသည့် ဝဥမျိုးများကို စိုက်ခင်း (၀.၆၅) ဧကတွင် ဝဥ ပင်ပေါ်သီး (၁၃၅၀၀)လုံးခန့်ကို စိုက်ပျိုးနေဆဲဖြစ်ကြောင်းနှင့် ဖလမ်းမြို့နယ်တွင် ဝဥစံပြစိုက်ခင်း (၅)ခုကို စိုက်ပျိုးရေးဦးစီးဌာန ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

ဂျွန်(ပြန်/ဆက်)