ဖလမ်းမြို့နယ် မဏိပူရမြစ်အတွင်း ရေဆင်းကူးရာမှ ကလေးနှစ်ဦး ရေနစ်သေဆုံး

ဖလမ်း ၂၂ မေ 


ဖလမ်းမြို့နယ်၊ ကေဟိုင်မွာလ်ကျေးရွာအုပ်စု၊ သွာလ်ဇဲ့ကျေးရွာနေ ကလေးနှစ်ဦးသည် မဏိပူရမြစ်တွင် ရေဆင်းကူးရာမှ ရေစီးနှင့် မျောပါပြီး ရေနစ်သေဆုံးကြောင်းသိရသည်။


ဖြစ်စဉ်မှာ သွာလ်ဇဲ့ကျေးရွာနေ ဦးဗန်ရွန်ပြန်သည် သူ၏သားနှင့် ကလေးနှစ်ဦးတို့ လိုက်ပါလျက် ရွာ၏အရှေ့ဘက်(၁)မိုင်ခန့်အကွာ မဏိပူရမြစ်အတွင်း ငါးရှာရန် မေ ၂၁ ရက် နံနက် ၉ နာရီက ထွက်သွားပြီး ငါးရှာအပြန်တွင် ကလေးများက ဦးဗန်ရွန်ပြန်အား ရေးကူးပြရန် ပူဆာပြောဆိုသဖြင့် ဦးဗန်ရွန်ပြန်သည် ကလေး(၃)ဦးနှင့် မြစ်ထဲရေးကူးနေစဉ် ကလေးများသည် ရေနှစ်သွားသည်။ 


ဦးဗန်ရွန်ပြန်က ကလေး(၃)ဦး ရေနစ်ကြောင်းသိရသဖြင့် ကလေးများ ဆယ်ယူရန်ကြိုးစားကာ သူ၏သား ဆန်သဲ(၁၆)နှစ်ကိုသာ ဆယ်ယူနိုင်ခဲ့သည်။ ကလေးနှစ်ဦးဖြစ်သော ဆလိုင်းလာရင့်ဆန်း (၁၃)နှစ်၊ ဆလိုင်းဗန်နီပြန်း (၁၄)နှစ်တို့သည် ရေစီးမျောပါသွားပြီး အနီးနားရှိ ကျေးရွာဒေ သခံပြည်သူများနှင့် တာဝန်ရှိသူများက မြစ်ကြောင်းတစ်လျှောက် ဝိုင်းဝန်းရှာဖွေခဲ့ကာ ကလေးနှစ်ဦး၏ အလောင်းကို မေ ၂၂ ရက် နံနက် ပိုင်းကသာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။


ဂျွန်