ဖလမ်း ၂၇ ဖေဖော်ဝါရီ 

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖလမ်းမြို့နယ်အတွင်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား လူမှုဝန်ထမ်း ဦးစီးဌာနမှ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီက ဖလမ်းမြို့ လူမှုဝန်ထမ်း မူကြိုကျောင်း၌ ပြုလုပ်သည်။

 

ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး က ထောက်ပံ့ငွေ ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းသည်။ ထို့နောက် ဖလမ်းမြို့ နယ်အတွင်း ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်း (၃)ကျောင်း၊ ဂေဟာ(၃)ခုနှင့် လူငယ်ရိပ်သာ(၄)ခုတို့အား ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဂျွန်(ပြန်/ဆက်)