ဖလမ်း ၁၀ ဧပြီ
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ကြက်သွန်များကို နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးမည်ဖြစ်ကြောင်း (ကိုဗစ်-၁၉)ကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထောက်ပံ့မည့်အစီအစဉ်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စာရင်းကို ကောက်ယူထားပြီးဖြစ်သည်။ ဖလမ်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၃၁၈၃)စုကို အိမ်ထောင်စု (၁)စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန် (၁)ပိဿာကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
ဂျွန်(ပြန်/ဆက်)


