ဖလမ်း ၊ ၃ ဖေဖော်ဝါရီ    

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်(Maternal and Child Cash Transfer-MCCT)ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား တစ်လလျှင် ၁၅၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိသည်။

ဖလမ်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)အောက် ကလေးငယ်များကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလများအတွက် ထောက်ပံ့ငွေများကို ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ ထုတ်ပေးလျက် ရှိသည်။ ဖလမ်းမြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များတွင် ထောက်ပံ့ငွေ (၁)လအကျိုးခံစားခွင့်ရှိသူ (၁၄၇)ဦး၊ (၂)လအကျိုးခံစားခွင့်ရှိသူ (၁၇၀) နှင့် (၃)လအကျိုးခံစားခွင့်ရှိသူ (၂၇၀၀) စုစုပေါင်း (၃၀၁၇)ဦးတို့ကို ပထမသုံးလပတ်တွင် ငွေကျပ် ၁၂၈၈၀၅၀၀၀ ထောက်ပံ့ပေးခဲ့ကြောင်း နှင့် ထောက်ပံ့ငွေများကို (၁၉)ကြိမ်မြောက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ဖလမ်းခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ သိရသည်။

ခရိုင် ပြန်/ဆက်