ဖလမ်း  ၊ ၂၇     ဇန်နဝါရီ           

 

ဖလမ်းမြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်း များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက် ၇ နာရီခွဲမှစ၍ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း ချယ်ရီခန်းမ၌ စတင်ဆောင်ရွက်သည်။

 

ကျွန်တော်တို့ ဖလမ်းမြို့နယ်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက် ပေါ့နော်။ အဲဒါနဲ့ဆိုရင် ကျွန်တော်တို့ ဝန်ထမ်းက (၄၆၀)ကျော်ရှိတာပေါ့နော်။ အဲဒါကို ကျွန်တော်တို့ ထိုးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမနက် ၇ နာရီ ၃၅ မှာ စထိုးနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီဆေးထိုးတဲ့အဖွဲ့ကတော့ အသုတ်(၆)သုတ်ခွဲထားတယ်။ ဒီကာကွယ်ဆေးထိုး လာခံတဲ့သူကလည်း သူ့ Table နဲ့သူ လာထိုးမှာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဒီနေ့တစ်နေ့ကုန် ထိုးနိုင်ဖို့တော့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။ လောလောဆယ် ဆေးထိုးတာကတော့ အဆင်ပြေ တယ်။ ဆေးထိုးပြီးတော့ မတည့်တဲ့လက္ခဏာ ပုံစံပြတာတစ်ယောက်မှမရှိသေးဘူး။ ကျွန်တော် ကိုယ်တိုင်လည်း ထိုးပြီး သွားပြီး ထွေထွေထူးထူးတော့ ဘာမှ မခံစားသေးဘူးလို့ ဖလမ်းခရိုင် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာ တလွန်ကျုံးထန်က ပြောသည်။

 

ကာကွယ်ဆေးနှင့် ပတ်သက်ပြီးတော့ ပထမဦးဆုံးအနေနဲ့တော့ ကျွန်တော် ကျေးဇူး တင်ထိုက်သူတွေ ပေါ့နော် ကမ္ဘာပေါ်မှာလည်း အစောဆုံးထိုးရတဲ့ထဲမှာပေါ့နော ကျွန်တော်တို့နိုင်ငံအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော်လည်း နိုင်ငံမှာရှိတဲ့ ခေါင်းဆောင်တွေအားလုံးရဲ့ ကြိုးစားမှု ကြောင့်ပေါ့နော် အလှူရှင်တွေပေါ်မှာရော တကယ်ကျေးဇူးတင်စရာကောင်းပါတယ်လို့ ဖလမ်းမြို့နယ် ကျောင်းကျန်းမာရေး တာဝန်ခံ ဒေါက်တာ ထန်ရှမ်းမွမ်က ပြောသည်။

 

ဖလမ်းမြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများ အား ကိုဗစ်-၁၉ ကာကွယ်ဆေး(Covishield)ကို ဇန်နဝါရီ ၂၇ ရက်နေ့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ခရိုင် ပြန်/ဆက်