ဖလမ်း ၂၉ မေ
ဖလမ်းမြို့နယ်၊ ဇောလ်သဲကျေးရွာတွင် ဧပြီ ၁၄ ရက်က မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုအား ဖလမ်းမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မေ ၂၈ ရက် မွန်းလွဲပိုင်းက ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ဖလမ်းခရိုင်တာဝန်ခံ ဒေါ်နီထလဲန်းကြွယ်က ထောက်ပံ့ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဖလမ်းမြို့နယ်၊ ဇောလ်သဲကျေးရွာနေ ဦးဗန်ဗျက်လာလ်၏ (၂၄ x ၁၄ x ၉) ပေရှိ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ အိမ်သည် ဧပြီလ ၁၄ ရက်က မီးလောင်ပျက်စီးသွားခဲ့ခြင်း ဖြစ်ရာ ဖလမ်းခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုး ကျပ် နှစ် သိန်း၊ မီးဘေးသင့် အိမ်ထောင်စုရှိ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ ထောက်ပံ့ငွေ ကျပ် ၁၄၇၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့ကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဂျွန်(ပြန်/ဆက်)


